fblink fblink fblink 01-370 506 ~ 9

တရုတ်တန်း(သို့)ညစျေး

China Town (or) Night Market in Yangon

Night Market is located 19th street, down Mahabandula Road, Latha Township in Yangon. It was formally established by the British colonials in the 18th century. It is also called the china town locals as tayoke tan, means a place which is home to Chinese. A diverse group of overseas Chinese and descent in Myanmar can trace their roots back to the southern Chinese provinces of Guangdong, Yunnan and Fujian. It is easy to find and looks like an ordinary street in the day time but in the evening round about 5 pm, it starts to alive. The whole street is with food stalls, restaurants, all kinds of fruits and vegetables sellers, clothes, vendors, traditional dim sum, barbecue stalls, bar and café shop are a hit among backpackers. Chinatown is the main night life destination for all travelers to and residents of Yangon. Normally, it starts to alive at 6 :00 pm to till 11:30 pm.

တရုတ်တန်း(သို့)ညစျေး

တရုတ်တန်းညစျေးသည်မဟာဗန္ဓုလလမ်း၊ ၁၉လမ်းနှင့်လသာမြို့နယ်တွင်နာမည်ကြီးသောရန်ကုန်မြို့၏ညစျေးတစ်ခုလဲဖြစ်ပါသည်။ ၁၈ရာစုဗြိတိသျှကိုလိုနီခေတ်တွင်တရုတ်လူမျိုးအများစု နေထိုင်ကြသောကြောင့်တရုတ်တန်းဟုခေါ်ဝေါ်ခဲ့ကြသည်။ရွေ့ပြာင်းလာသောတရုတ်လူမျိုးစုများနှင့် မြန်မာနိုင်ငံဖွားတရုတ်လူမျိုးများ၏ဒေသရင်းမြစ်ကိုကြည့်လျှင်ကန်တုန်း၊ယူနကန်နှင့်ဖူကျင့်စသောတရုတ်နိုင်ငံမှဆင်းသက်လာသူများဖြစ်ကြသည်။နေ့အခါတွင်သာမာန်လမ်းတစ်ခုဖြစ်သာတွေ့မြင်နိုင်ပြီးညနေ၅နာရီခန့်တွင်စတင်စည်ကားအသက်ဝင်လာသည်။ အတန်းလိုက်ရှိသောအစားသောက်တန်းများ၊ စားသောက်ဆို်င်ကြီးများ၊ သစ်သီးနှင့်ဟင်းသီးဟင်းရွက်ရောင်းသူများ၊ အဝတ်စားတန်းများ၊ လမ်းဘေးစျေးသည်များ၊အသားကင်အရောင်းဆိုင်တန်းများ၊အဖျော်ယမကာဆိုင်တန်းများနှင့်ကော်ဖီဆိုင်များသည် ကျောပိုးအိတ်လွယ်ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားစရာအဖြစ်ဆုံးနေရာဖြစ်သည်။ ခရီးသွားများအတွက်သာမက ရန်ကုန်မြို့နေသူများအတွက်လည်း လည်ပတ်စရာအဓိကနေရာတစ်ခုဖြစ်ပါသည်။ ပုံမှန်အားဖြင့် ညနေ၆နာရီမှည ၁၁နာရီခွဲအထိစည်ကားပါသည်။

တိုင်းရင်းသားကျေးရွာ

National Races House

National Races House is located near Thanlyin bridge, Taketa township in Yangon. National races village was constructed by Ministry of Progress of Border Areas and National Races on December 2002. It is one of the attractive places in Yangon for both of the locals and foreigners. Myanmar has 135 tribes. It has seven states and seven regions such as Kachin, Kaya, Kayin, Chin, Myanmar, Mon, Rakhine, Shan, Yangon, Mandalay, Bago, Sagaing, Magway, Ayeyarwady and Thaninthary. We can see the representing the different states of the country such as different languages, traditional costumes, habitual, home-style, household goods and traditional foods. We also study the significant places and buildings in one place. National Races House is one of the places of replica of many famous cultural sites and get the sense of Union Spirit. Great scenery from Viewing Tower is an interesting place in the park for photo lovers. Bicycles and buggy are easy to rent to visit in the park. In special weekends, the traditional dances are performed for visitors in the Union Hall of park. It opens daily 9:00 am to 5:30 pm and closed on government holidays.

တိုင်းရင်းသားကျေးရွာ

တိုင်းရင်းသားကျေးရွာသည်သန်လျင်တံတားအနီး၊သာကေတမြို့နယ်၊ရန်ကုန်မြို့တွင်တည်ရှိပါသည်။တိုင်းရင်းသားကျေးရွာကိုနယ်စပ်ဒေသနှင့်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ(၂၀၀၂)ခုနှစ်ဒီဇင်ဘာလတွင်စတင်တည်ဆောက်ခဲ့ပါသည်။ပြည်တွင်းဒေသခံများသာမကနိုင်ငံခြားသားများပါစိတ်ဝင်တစားလည်ပတ်ကြသောနေရာတစ်ခုလည်းဖြစ်ပါသည်။မြန်မာနိုင်ငံရှိပြည်နယ်နှင့်တိုင်း(၁၄)ခုတွင်တိုင်းရင်းသားပေါင်း(၁၃၅)မျိုးမှီတင်းနေထိုင်ကြပါသည်။ထို(၁၄)ခုတွင်ပြည်နယ်ကြီး(၇)ခုမှာကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်းတို့ဖြစ်ပြီး၊တိုင်း(၇)ခုမှာရန်ကုန်၊မန္တလေး၊ပဲခူး၊စစ်ကိုင်း၊မကွေး၊ဧရာဝတီနှင့်တနသာင်္ရီတိုင်းတို့ဖြစ်ကြပါသည်။ပြည်နယ်အသီးသီးကိုကိုယ်စားပြုသောမတူကွဲပြားသောဘာသာစကား၊ရိုးရာဝတ်စုံ၊ဓလေ့စရိုက်များ၊ရိုးရာအိမ်ပုံစံ၊အိမ်သုံးပရိဘောဂများ၊ဒေသအစားအစာများကိုတိုင်းရင်းသားကျေးရွာတွင်တွေ့မြင်နိုင်ပါသည်။မြန်မာနိုင်ငံ၏အရေးပါသောနေရာများ၊ယဉ်ကျေးမှုအမွေအနှစ်များထွန်းကားရာဒေသရှိအဆောက်အဦးများ၏ပုံစံတူများနှင့်ပြည်ထောင်စုစိတ်ဓါတ်နိုးကြာစေနိုင်သောတစ်ခုတည်းသောနေရာဖြစ်ပါသည်။ဓါတ်ပုံရိုက်ခြင်းကိုနှစ်သက်သောသူများအတွက်မျှော်စင်သည်စိတ်ဝင်စားစရာမြင်ကွင်းများကိုတွေ့မြင်ခံစားနိုင်သောနေရာတစ်ခုဖြစ်ပါသည်။တိုင်းရင်းသားကျေးရွာဝန်းထဲတွင်စက်ဘီးနှင့်buggyများငှားပြီးလွယ်ကူစွာလည်ပတ်နိုင်ပါသည်။စနေ၊တနင်္ဂနွေရုံးပိတ်ရက်များတွင်ပန်းခြံရှိပြည်ထောင်စုခန်းမတွင်ဧည့်သည်များအားရိုးရာအကများနှင့်တင်ဆက်ဖျော်ဖြေကြပါသည်။အစိုးရရုံးပိတ်ရက်များမှလွဲ၍နေ့စဉ်မနက်(၉)နာရီမှညနေ(၅)နာရီခွဲထိဖွင့်လှစ်ထားပါသည်။

ကျောက်မျက်ရတနာပြတိုက်

Gems Museum

Gems Museum is located No.66, Kabar Aya Pagoda Road, Mayan gone Township, Yangon. It is four-story building and near Kabar Aye Pagoda. It displays very famous precious stones of Myanmar such as rubies, jades, sapphires and pearls. It can also call house of the Gems Mart. The jewelry shops are located on the first and second floors, while the museum is on the third floor. These three floors of the Gems Mart present the whole range of Myanmar rubies, sapphires, period and a variety of assorted colored stones, jades, pearls in lots or embedded in exquisite jewelries, gold wares, silverwares and jade figurines. It consists of 82 stores on three floors, and sells high-quality raw and finished gem products, offering rubies, sapphires, pearls, jades and more. It will offer the gem information’s and easy way to learn about the various types of minerals and gems found in Myanmar as well as how to grade stones for quality. Before the opening of Gems Mart, the Bogyoke market in Yangon was the only place to verify precious stones. The gems fair and auction held twice a year in March and October. Many jewel dealers from all over the world come here at that time. It opens daily from 9:30 am to 4:00 pm except Monday and government holidays.

ကျောက်မျက်ရတနာပြတိုက်

ကျောက်မျက်ရတနာပြတိုက်သည်အမှတ်(၆၆)၊ကမ္ဘာအေးဘုရားလမ်း၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့တွင်ရှိပါသည်။ လေးထပ်အဆောက်ဦးဖြစ်ပြီး ကမ္ဘာအေးဘုရားအနီးတွင်ရှိသော ကျောက်မျက်ပြတိုက်တွင် အဖိုးတန်မြန်မာ့ကျောက်မျက်ရတနာများဖြစ်သောပတ္တမြား၊ကျောက်စိမ်း၊နီလာနှင့်ပုလဲများကိုခင်းကျင်းပြသထားပါသည်။ ကျောက်မျက်ရတနာများစုစည်းရာအိမ်ဟုခေါ်နိုင်ပါသည်။ပြတိုက်၏ပထမထပ်နှင့်ဒုတိယထပ်တွင်ကျောက်မျက်ဆိုင်များဖွင့်လှစ်ထားပြီး တတိယထပ်တွင်ပြတိုက်ရှိပါသည်။ ထိုအထပ်သုံးထပ်တွင်မြန်မာနိုင်ငံမှထွက်ရှိသောအရည်သွေးမီပတ္တမြား၊နီလာနှင်အရွယ်အစား၊အရောင်အသွေးစုံလင်လှသောကျောက်စိမ်းနှင့်ပုလဲများဖြင့်မြှုပ်နှံထားသောရတနာပစ္စည်းများ၊ရွှေထည်ပစ္စည်းများ၊ငွေထည်ပစ္စည်းများနှင့်ကျောက်စိမ်းဖြင့်ပြုလုပ်ထားသောပရိဘောဂပစ္စည်းများကိုခင်းကျင်းထားပါသည်။စုစုပေါင်းရတနာပစ္စည်အရောင်းဆိုင်(၈၂)ဆိုင်ရှိပြီးအရေသွေးမြင့်ကျောက်မျက်အကြမ်းထည်များနှင့်အချောသတ်ထားသောကျောက်မျက်မျိုးစုံကိုခင်းကျင်းရောင်းချပါသည်။ကျောက်မျက်ရတနာနှင့်ပတ်သတ်သောအချက်လက်များနှင့်မြန်မာနိုင်ငံမှထွက်ရှိသောအမျိုးအစားစုံလင်သောတွင်းထွက်ရတနာများ၏အရေအသွေးအဆင့်သတ်မှတ်ချက်နည်းလမ်းများကိုလွယ်လွယ်ကူကူသိရှိနိုင်ပါသည်။ကျောက်မျက်ရတနာပြခန်းမဖွင့်မှီကဗိုလ်ချုပ်စျေးသည်ရန်ကုန်တွင်တစ်ခုတည်းသောကျောက်မျက်စျေးတစ်ခုဖြစ်ခဲ့ပါသည်။ရတနာအရောင်းပြပွဲနှင့်လေလံပွဲကို(၁)နှစ်လျှင်(၂)ကြိမ်မတ်လနှင့်အောက်တိုဘာလတွင်ပြုလုပ်ပါသည်။ထိုပြပွဲသို့နိုင်ငံတဝှမ်းလုံးမှကျောက်မျက်ရတနာစိတ်ဝင်စားသူများလာရောက်ကြသည်။ကျောက်မျက်အရောင်းပြခန်းသည်တနင်္လာနေ့နှင့်အစိုးရရုံးပိတ်ရက်များမှလွဲ၍နေ့စဉ်မနက်၉နာရီခွဲမှညနေ၄နာရီအထိဖွင့်လှစ်ရောင်းချပါသည်။

Back