fblink fblink fblink 01-370 506 ~ 9

ဘောင်းတော်ချုပ်ဘုရား(သို့)မြွေဘုရား

Baung Daw Gyoke Pagoda(or)Snake Pagoda

Baung Daw Gyoke Pagoda is in Twante township, just south of the Yangon from other side of Yangon River. It is located in the middle of a lake and home for about 30 pythons. The locals give the named “Hmwe Paya” or “Snake Temple”. The temple is very small and different one due to many big snakes. The snakes are crawling and slithering around the interior of the temple. The snakes are harmless, not aggressive. They never eat meat and only eat milk and eggs. So, the local resident purchased from the donations made to them. The people believed that the presence pythons are auspicious sign of the temple. “The rule is that people can only ask for one thing, not many things. Don’t be greedy”. These pythons are taken care off by the monks and nuns in this region.

ဘောင်းတော်ချုပ်ဘုရား(သို့)မြွေဘုရား

ဘောင်းတော်ချုပ်ဘုရားသည်ရန်ကုန်မြို့တောင်ဘက်၊ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိတွံတေးမြို့နယ်တွင်တည်ရှိပါသည်။ဘောင်းတော်ချုပ်ဘုရားသည်ရေကန်၏အလယ်ဗဟိုရှိစပါးအုံးမြွေအကောင်ပေါင်း(၃၀)ခန့်နေထိုင်ရာနေရာလည်းဖြစ်ပါသည်။ဘုရားသည်အလွန်သေးငယ်ပြီးကြီးမားလှသောမြွေများကြောင့်ထင်ရှားသောဘုရားတစ်ဆူဖြစ်ပါသည်။မြွေများသည်ဘုရားအတွင်းတလျှောက်တွားသွားနေပြီးရန်လိုခြင်း၊အန္တရာယ်ပြုခြင်းမရှိပါ။အသားမစားသောကြောင့်ဒေသခံများကကြက်ဥနှင့်နွားနို့များသာဝယ်၍လှုဒါန်းကြပါသည်။ဒေသခံများသည်ဘုရားတွင်နေထိုင်သောစပါးအုံးမြွေများကိုဘုရားမင်္ဂလာအထိမ်းမှတ်ဟုယူဆကြပါသည်။ဒေသခံများ၏အယူဆအရဆုတောင်းမှုများအားလောဘတကြီးမပြုလုပ်သင့်ဘဲလိုအပ်သောဆုတစ်ခုကိုသာတောင်းလျှင်ပြည့်စုံသည်ဟုယုံကြည်ကြပါသည်။စပါးအုံးမြွေများကိုထိုဒေသရှိဘုန်းကြီးများနှင့်သီလရှင်များကစောင့်ရှောက်ပေးကြပါသည်။

ကျိုက်ခေါက်ဘုရား

Kyaik Khauk Pagoda

Kyaik Khauk Pagoda is located in Thanlyin Township, in Southern Yangon Region, Myanmar. It can reach cross from Yangon on the other side of the river connected to Yangon by only one bridge. A half-an-hour drive by car or train. The pagoda is believed has been built more than 2,000 years ago, by King Sulathrima of Thaton (Mon Kingdom). The architecture is the Mon style and solid type pagoda. It has been enlarged and renovated so many times. It has the four stairways and many stupas are surrounding the main pagoda. There are many rest-houses, Buddha shrines, victory land on the pagoda platform which many different things to catch the visitor’s heart. A pagoda festival is held annually for 8 days in February (the 1st waxing to full moon of the Burmese month of Tabodwe) of each year. That pagoda festival is one of the greatest one in Myanmar.

ကျိုက်ခေါက်ဘုရား

ကျိုက်ခေါက်ဘုရားသည်ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျင်မြို့နယ်တွင်တည်ရှိပါသည်။ရန်ကုန်မြို့၏မြစ်တစ်ဖက်ကမ်းတွင်ရှိပြီးတံတားဖြင့်ဆက်သွယ်ထားပါသည်။ရထား၊ကားတို့နှင့်သွားရောက်နိုင်ပြီးတစ်နာရီခွဲခန့်သာကြာပါသည််။လွန်ခဲ့သောနှစ်ပေါင်း၂ဝဝဝကျော်မှသထုံဘုရင်ဆူဠာသီမမှတည်ထားခဲ့သည်ယုံကြည်ကြပါသည်။မွန်ဗိသုကာလက်ရာဖြစ်ပြီးအတွင်းတွင်လှိုဏ်မပါဘဲအပိတ်ပုံစံဖြစ်သည်။ပြန်လည်ပြင်ဆင်မှုများကိုလည်းအကြိမ်များစွာပြုလုပ်ခဲ့သည်။လှေကားလေးစင်းရှိပြီးအရံစေတီများကဘုရားကိုဝန်းရံထားပါသည်။ဘုရားရင်ပြင်တော်တွင်ဇရပ်များ၊ဘုရားတန်းဆောင်းများ၊အောင်မြေအစရှိသောစိတ်ဝင်စားစရာများကခရီးသွားများကိုဆွဲဆောင်နေပါသည်။မြန်မာနိုင်ငံရှိအကြီးဆုံးဘုရားပွဲတွင်တစ်ခုအပါအဝင်ဖြစ်သောကျိုက်ခေါက်ဘုရားပွဲကိုနှစ်စဉ်(မြန််မာလဖြစ်သောတပို့တွဲလဆန််း၁ရက်နေ့မှလပြည့်နေ့အထိ)ဖေဖော်ဝါရီလတွင်(၈)ရက်ခန့်စည်ကားသိုက်မြိုက်စွာကျင်းပကြပါသည်။

တွံတေးအိုးလုပ်ငန်း

Pottery Workshop in Twante

Twante is a famous small town for its pottery activities. It is 25 km far from Yangon, on the other side of the Yangon River. It takes the ferry ride to reach the Twante. The ferry ride gives a chance to observe a panoramic view on the massive colonial buildings along the river. Twante is well known for its pottery activities handled by few families. In the old time, there were over 40 pottery workshops, nowadays about only 10 remain. Traditional pottery making method had handed over generations to generations. It gives an interesting view of the process of pottery making. It also can explore the Myanmar traditional handmaking, about the village life.

တွံတေးအိုးလုပ်ငန်း

တွံတေးမြို့သည်အိုးလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုသောထင်ရှားသည့်မြို့လေးတစ်မြို့ဖြစ်ပါသည်။ရန်ကုန်မြို့မှ၂၅ကီလိုမီတာအကွာ၊ရန်ကုန်မြစ်၏တစ်ဖက်ကမ်းတွင်ရှိပြီးစက်လှေနှင့်သွားရောက်နိုင်ပါသည်။စက်လှေဖယ်ရီပေါ်မှရန်ကုန်မြစ်ကမ်းတစ်လျှောက်ရှိကိုလိုနီခေတ်အဆောက်ဦးများနှင့်ရှုမျှော်ခင်းများကိုခံစားနိုင်ပါသည်။တွံတေးမြို့ရှိမိသားစုများ၏အိုးလုပ်ငန်းများကြောင့်လူသိများပါသည်။ယခင်တွင်အိုးလုပ်ငန်းလုပ်ကိုင်သူ(၄၀)ကျော်ခန့်ရှိခဲ့ရာမှယခုအခါ(၁၀)ခန့်သာလျှင်ကျန်ရှိတော့သည်။ရိုးရာအိုးလုပ်ခြင်းနည်းစနစ်များကိုမျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့ကြပါသည်။စိတ်ဝင်စားစရာအိုးလုပ်ခြင်းအဆင့်ဆင့်ကိုလည်းစိတ်ဝင်စားဖွယ်လေ့လာနိုင်ပြီးမြန်မာ့ရိုးရာလက်မှုလုပ်ငန်းနှင့်ရွာဓလေ့စရိုက်များကိုလည်းစူးစမ်းလေ့လာနိုင်ပါသည်။

Back